A May Ta Thu Thar Ta Khu

A May Ta Thu Thar Ta Khu

Htoo Eain Thin

Длительность: 4:29
Год: 1997
Скачать MP3

Текст песни

တချို့ကအဝေး ချစ်သူကလေးတွေ
ပြန်လည်ကာလေ ပူဆွေးနေ
ဒီလိုပါပဲ အချစ်နဲ့မကင်းချေ
ငယ်ကျွမ်းဆွေ လွမ်းနေ
ဒါပေမဲ့ သားတစ်ယောက်မှာ အမေ
အမေတစ်ခု သားတစ်ခုမို့ သာပဲလေ
မှန်းဆလို့ တမ်းတကာ
လွမ်းရတဲ့ အဖြစ်ကလေးတွေ
မေမေရေ မငိုနဲ့နော်လေ
ရှိခိုးဦးချ ကန်တော့လျက်ပါ အမေ

ညအိပ်ရင်လည်း အိပ်မပျော်ပဲနေ
အမေဘယ်လို နေရှာမလဲလေ
အကြိမ်ကြိမ် ထပ်လောင်း
သားမိုက်အပြစ်တွေ
ပြန်တောင်းပန် ပါရစေ

စိန္တေမြတ်ဘုရား ရှေ့မှာလေ
ပြန်လည်ဆုံဆည်းရဖို့ သပြေခက်တွေ
သားမွေးရက်နေ့ မနက်မှာ
တောင်းဆုပြုခဲ့တာ မနည်းပေ
မေမေရေ မငိုနဲ့နော်လေ
ရှိခိုး ဦးချ ကန်တော့လျက်ပါ အမေ

ဒါပေမဲ့ သားတစ်ယောက်မှာ အမေ
အမေတစ်ခု သားတစ်ခုမို့ ပါပဲလေ
မှန်းဆလို့ တမ်းတကာ
လွမ်းရတဲ့ အဖြစ်ကလေးတွေ
မေမေရေမငိုနဲ့နော်လေ
ရှိခိုး ဦးချ ကန်တော့လျက်ပါ အမေ

ညအိပ်ရင်လည်း အိပ်မပျော်ပဲနေ
အမေဘယ်လို နေရှာမလဲလေ
အကြိမ်ကြိမ် ထပ်လောင်း
သားမိုက် အပြစ်တွေ
ပြန်တောင်ပန် ပါရစေ

စိန္တေမြတ်ဘုရား ရှေ့မှာလေ
ပြန်လည် ဆုံဆည်းကြဖို့ သပြေခတ်တွေ
သားမွေးရက်နေ့ မနက်မှာ
တောင်းဆုပြုခဲ့တာ မနည်းပေ
မေမေရေ ငိုနဲ့နော်လေ
ရှိခိုးဦးချ ကန်တော့လျက်ပါ အမေ