Lwan Thuh Eain Mat
Htoo Eain Thin
ကြယ်တွေစုံတဲ့ည ကိုယ့်အိပ်မက်လေးငယ် ကြယ်တွေစုံတဲ့ည ဘဝမျှော်လင့်ခြင်းရယ် ရင်ခုန်သံနဲ့ထုဆစ်ထားတဲ့ သီချင်းတွေလည်း ရင်တွေကွဲသွားအောင် ဆိုနေဦးမယ် ကြယ်တွေစုံတဲ့ည အဝေးအိမ်ကို လွမ်းတယ် ကြယ်တွေစုံတဲ့ည ခရီးမိုင်တွေ ခြားစဉ် ဒဏ်ရာတွေနဲ့ရေးခြစ်ထားတဲ့နေ့တွေလည်း ကျော်လွန်သွားခဲ့ရင် အတူပြန်ဆုံဦးမယ် နာကျင်စွာ တစ်ယောက်ထဲ တရေးနိုးတဲ့ညတို့ မှောင်နေဆဲ အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်း အိပ်မက်ရှည်တွေနဲ့ အိုး အမြဲတမ်းသတိရနေတယ် ရှင်းပြလို့ပေးပါကွယ် ကြယ်ပွင့်လေးရယ် ငါ့ရဲ့အကြောင်းတွေ ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ် ကြယ်တွေ တကယ်စုံတဲ့ည လှနေမှာပေါ့ကွယ် နေညိုညိုလောင်းလေးထက် နေ့စဉ်စောင့်နေတယ် မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ် နာကျင်စွာ တစ်ယောက်ထဲ တရေးနိုးတဲ့ညတို့ မှောင်နေဆဲ အိမ်ပြန်ချင်ပေမယ့် မပြီးဆုံးတမ်း အိပ်မက်ရှည်တွေနဲ့ အိုး အမြဲတမ်းသတိရနေတယ် ရှင်းပြလို့ပေးပါကွယ် ကြယ်ပွင့်လေးရယ် ငါ့ရဲ့အကြောင်းတွေ ကြယ်တွေစုံတဲ့ည ထပ်ကြုံရဦးမယ် ကြယ်တွေ တကယ်စုံတဲ့ည လှနေမှာပေါ့ကွယ် နေညိုညိုလောင်းလေးထက် နေ့စဉ်စောင့်နေမယ် မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်ရယ် နေညိုညိုလောင်းလေးထက် နေ့စဉ်စောင့်နေမယ် မျှော်လင့်ခြင်းများရယ် အိမ်ပြန်ချိန်များရယ်