Ta Naye Naye Tot Chit Lar Laint Ml

Ta Naye Naye Tot Chit Lar Laint Ml

Htoo Eain Thin

Длительность: 3:56
Год: 1987
Скачать MP3

Текст песни

သူပန်ထားတဲ့ ပန်းနီနီ
နေရာခဏ လဲချင်သည်
ကြင်နာသူလေး လှဖို့
အစွမ်းကုန် ကြိုးစားမည်
ရင်မှာ ဒီလောက်ချစ်ပါသည်
သူပျော်တာ အမြဲတွေ့ချင်သည်
သူ့အရိပ်အဖြစ် အမြဲရှိနေတတ်ပြီ
သူဆင်မြန်းတဲ့ ဖိနပ်နီနီ
နေရာခဏ လဲချင်သည်
ကြင်နာသူလေး ခလုတ်မထိဖို့
ကိုယ် ကြိုးစားမည်
ရင်မှာ ဒီလောက်ချစ်ပါသည်
ဘာမဆို ကိုယ်အဆုံးရှုံးခံမည်
အလှမ်းဝေးတဲ့ ပန်းကလေးမြနှင်းဆီ
ကျောင်းသွားကျောင်းပြန်
အချိန်မှန်အမြဲ စောင့်လို့ကြည့်သည်
သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်
သူ့အပြုံးလေးများမြင်ရင်
အပျော်လွန်ပြီး အိပ်မရတော့ပြီ
သိပ်ချစ်တဲ့အကြောင်းကို
ကဗျာတွေ ရေးမည်
နေရိပ်မိုးတဲ့ ထီးနီနီ
နေရာခဏ လဲချင်သည်
ကြင်နာသူလေး အေးမြဖို့
ကိုယ် ကြိုးစားမည်
ရင်မှာဒီလောက်ချစ်ပါသည်
ဒါကိုသူလည်း သိနေပြီ
တနေ့နေ့တော့
ချစ်၍လာလိမ့်မည်
ကျောင်းသွားကျောင်းပြန်
အချိန်မှန်အမြဲ စောင့်လို့ကြည့်သည်
သူ့မျက်ဝန်းနဲ့ဆုံရင် ရင်ခုန်သည်
သူ့အပြုံးလေးများမြင်ရင်
အပျော်လွန်ပြီး အိပ်မရတော့ပြီ
သိပ်ချစ်တဲ့အကြောင်းကို
ကဗျာတွေရေးမည်
နေရိပ်မိုးတဲ့ ထီးနီနီ
နေရာခဏလဲချင်သည်
ကြင်နာသူလေး အေးမြဖို့
ကိုယ် ကြိုးစားမည်
ရင်မှာဒီလောက်ချစ်ပါသည်
ဒါကိုသူလည်း သိနေပြီ
တနေ့နေ့တော့
ချစ်၍လာလိမ့်မည်
သူပန်ထားတဲ့ ပန်းနီနီ
ကျွန်တော်ခဏဖြစ်ချင်သည်
တနေ့နေ့တော့
ချစ်၍လာလိမ့်မည်