Nar Kyee Khae Par Thi Thot Thaw

Nar Kyee Khae Par Thi Thot Thaw

Joe Lay

Длительность: 3:25
Год: 2022
Скачать MP3

Текст песни

လေပြေညှင်းရယ် အလွမ်းရယ်

မျက်ရည်တွေနဲ့ ပူဆွေးတဲ့ရှိုက်သံများ

ဟိုအရင်က

အတိတ်ဟောင်းကို အသက်သွင်းခဲ့သလား

ငိုသံလေးရယ်ကြားတယ်

အခုချိန်ထိလဲ ငါ့ရဲ့နားထဲမှာ

အရာရာအရင်တိုင်း မနေ့ကလိုပဲ အချစ်ရာ

တစ်ကယ်ဆို

အစောကတည်းက မတွေ့ရင်ပိုကောင်းမှာ

လွန်ဆန်လို့

မရတဲ့နှလုံးသားရဲ့သဘောတိုင်း အလိုကျပါ

ဒဏ်ရာတို့နဲ့ လမ်းခွဲကျောခိုင်းခဲ့

အချစ်တစ်ခုရဲ့နောက်မှာ

အသဲထဲဒဏ်ရာ စွဲကျန်ခဲ့တာပါ

အတူတူထိုင်တဲ့ ခုံလေးရယ် ဆေးရောင်မှိန်သွားလည်း

နင်မပါတောင် ငါရောက်ဖြစ်သေးတယ်

မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်

နင်ပျော်နေပါတော့ ချစ်သူရယ်

အိမ်ပြန်ချိန်လေးကိုစတင်

အသက်မပါတဲ့ ခြေလှမ်းများလှမ်းချိန်မှာ

သူ့နုတ်ခမ်းမှာအပြုံးရယ် မတွေ့ရပါလား

ကိုယ်စီဝေးကွာဝေးမှာ တစ်ယောက်တစ်နေရာက

သတိတို့ရလဲ ခဏပါ

အချိန်တန်တော့လဲ သူစိမ်းဖြစ်လို့သွားမှာ

တစ်ကယ်ဆို

အစောကတည်းက မတွေ့ရင်ပိုကောင်းမှာ

လွန်ဆန်လို့

မရတဲ့နှလုံးသားရဲ့သဘောတိုင်း အလိုကျပါ

ဒဏ်ရာတို့နဲ့ လမ်းခွဲကျောခိုင်းခဲ့

အချစ်တစ်ခုရဲ့နောက်မှာ

အသဲထဲဒဏ်ရာ စွဲကျန်ခဲ့တာပါ

အတူတူထိုင်တဲ့ ခုံလေးရယ် ဆေးရောင်မှိန်သွားလည်း

နင်မပါတောင် ငါရောက်ဖြစ်သေးတယ်

မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်

နင်ပျော်နေပါတော့ ချစ်သူရယ်

အတူတူထိုင်တဲ့ ခုံလေးရယ် ဆေးရောင်မှိန်သွားလည်း

နင်မပါတောင် ငါရောက်ဖြစ်သေးတယ်

မဆုံတာမမြင်တာ ကြာသွားလဲ အမြဲရင်မှာရှိတယ်

နင်ပျော်နေပါတော့ ချစ်သူရယ်