Nouk Sone Tot

Nouk Sone Tot

John Derek

Альбом: Records Of The Rain
Длительность: 5:00
Год: 2025
Скачать MP3

Текст песни

နောက်ဆုံးတော့

မင်းနဲ့ နှောင်ကြိုးတွေအားငါ ဖြေမရပေါ့
အလွမ်းထီးကျန် ငါ့တစ်ယောက်ထဲနင် ချန်သွားတော့
မင်းရောက်လာလိမ့်မယ်ထင်ပြီးငါ နေ့တိုင်းမျှော်
နင်လွမ်းခဲ့ရင်လည်း ရင်မောမယ် မငိုနဲ့နော်

အတိတ်ကအတူရှိခဲ့တဲ့ နေ့ရက်များ
အမှတ်တရတွေတိုင်းက မေ့မရနိုင်ပါ
အိပ်ခါနီးနင်ပြောပြဖူးတဲ့ ပုံပြင်ထဲက
မင်းသားနဲ့ မင်းသမီးလို မပေါင်းဖက်နိုင်ပါ

တကယ်တမ်းတော့ ဝေးသွားရင်
ပြန်လည်ဆုံစည်းဖို့ခက်တယ်
နင့်သဘောပေါ့ ထားခဲ့တယ်ဆိုငါ နေခဲ့ရမှာပေါ့
နင်တစ်ခြားသော တစ်ယောက်နဲ့အတူ
ပျော်ရွှင်နေပြီလား
နောက်ဆုံးတော့ ဝေးသွားပြီပေါ့

ပြတင်းပေါက်အပြင်မှာ မိုးစက်လေးတွေ
ရွာသွန်းဖြိုးနေလို့
အလွမ်းတွေနဲ့အတူ မျက်ရည်လေးတွေဟာ
မြေခလို့နေပေါ့

သဘောထားချင်းမတိုက်ဆိုင်ခဲ့သူ
နှစ်ဦးအတွက်
အဆုံးသတ်ဟာ ဝေးကွာခြင်းပါ
ဒါမထူးဆန်း

အငွေ့အသက်တွေပြန်တမ်းတမိနေလို့
ရုန်းလေနစ်လေ ဖြစ်ခဲ့ရပြီမို့
အရှူံးတွေနဲ့ ငါ စိတ္တဇဖြစ်နေလို့
မင်းပြန်ခဲ့ပါနောက်တစ်ခေါက်ငါ့ဆီကို
သို့သော်

ဒီဘဝတော့ မင်းနဲ့အတူတူ
ဆုံစည်းဖို့က မလွယ်
အရင်အတိတ်တို့ လွမ်းမိပါတယ်ငါ
ပြန်လည်မြင်ယောင်နေတုန်း
ဒီအိမ်လေးထဲမှာ မင်းမရှိနေတော့တာ
အချိန်အတော်ကြာပြီပေါ့
နောက်ဆုံးတော့ ထားခဲ့ပြီပေါ့
နောက်ဆုံးတော့ ဝေးသွားပြီပေါ့