A Chit Sit Yae Tan Phoe

A Chit Sit Yae Tan Phoe

Ma Naw

Длительность: 4:41
Год: 2017
Скачать MP3

Текст песни

သမုဒ္ဒရာကြီးကပြောတယ် ရေပြင်ကျယ်ဟာ သူရဲ့အဖော်ပဲ
တောင်တန်းကြီးကပြောတယ် စမ်းချောင်းလေးတွေကိုချစ်တယ်
ကောင်းကင်ကြီးကပြောတယ် တိမ်ရောင်စုံကသူရဲ့အဖော်ပဲ
ကြယ်ကလေးများကပြောတယ် လမင်းမရှိရင်ငိုချင်တယ်
ထာဝရကိုယ့်ရင်ခွင်မှာ မင်းလေးနေပါ
ကိုယ်ဟာမင်းရဲ့အမြဲတမ်းပဲအဖော်မွန်ပါ
မြတ်နိုးလွန်းလို့ချစ်တာ တန်ဖိုးထားပြီးချစ်တာ
ယုံကြည်ပါနောက်ဆုံးတနေ့ထိ လက်တွဲမဖြုတ်ပဲမင်းနားနေမှာပါ
အဆိုးအကောင်းတွေတို့ထပ်တူခံစားမျှဝေသွားမှာ
အရာရာပေးဆပ်ကာအသဲကို နှင်းအပ်လို့ထားတာ

ထာဝရအဖော်ဆိုတာ အချစ်စစ်ရဲ့တန်ဖိုးတစ်ခုပါ

ယုံကြည်ပါနောက်ဆုံးသက်ထိ လက်တွဲမဖြုတ်ပဲမင်းနားနေမှာပါ
အဆိုးအကောင်းတွေတို့ထပ်တူခံစားမျှဝေသွားမှာ
အရာရာပေးဆပ်ကာအသဲကိုနှင်းအပ်လို့ထားတာ