A May Yote Yay
Sai Htee Saing
5:27ဒီအရိပ်အောက်မှာ အတူတူနေမယ် အမြဲရည်မှန်းထားခဲ့တယ် အလိုပြည့်ဖို့တစ်ခုတည်း ကိုယ့်မှာနားလည် ဒီအရိပ်အောက်မှာ ထာဝစဉ်ပျော်မယ် စိတ်ဆန္ဒရှိလည်းကွယ် ကံဆိုးတော့ အချစ်အိပ်မက် ပျက်ပြယ် ခွဲရခါနီးမှ လုပ်ရက်နိုင်တယ် တစ်ခါလောက်တောင် နမ်းခွင့်မပေးသူရယ် ကိုယ့်ရဲ့သီချင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ် ချစ်ပန်းလေးတွေ ဝေနေချိန်မှာ အဖိုးတန်မှန်း မသိခဲ့တယ် နဂို ရပိုင်ခွင့်ပဲလို့ ထင်မိတယ် ချစ်စကားလေးတွေ ဝေနေချိန်မှာ တုန့်ပြန်ဖို့ သတိ မရတယ် အခုများမှ အဖြစ်ရယ်နှောင်းပေါ့ကွယ် ကိုယ့်အမှားတွေပဲလို့ ဖွင့်ပြောကာရယ် လွန်သမျှ ကျေနပ်ဖို့တောင်းပန်တယ် ကိုယ့်ချစ်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ် တစ်သက်လုံးမှလေ တစ်ခါကြုံချင်ရင် ပွင့်ချိန်နဲ့ကိုက်မှကွယ် ဒီအချစ်ဆိုတဲ့ ပန်းကလေးဟာရှားတယ် တစ်သက်လုံးမှလေ တစ်ခါကြုံချိန်မှာ ခူးချွေခဲ့ပြီးမှကွယ် ကိုယ်ဂရုမစိုက်မိတော့ နွမ်းပေါ့ကွယ် နှလုံးသားမှာထားခွင့် မရှိတော့ရင်လည်း တစ်ခါချစ်ခဲ့ဖူးလို့ ဝမ်းသာတယ် မမေ့နိုင်ခြင်းနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ် လူသားတိုင်းမှာ ကိုယ်စီပါတယ် ဘဝရဲ့အလှအပများရယ် အခွင့်အရေးနဲ့အစွမ်းအစ တစ်ဘက်စီရှိတယ် လူတစ်ဦးတစ်ယောက်အတွက် နိုင်တယ် မနိုင်တယ် အချစ်နဲ့ပတ်သက်သမျှရယ် အရာတိုင်းပဲတရားတယ် မျှတတယ် အကောင်းဆုံးကိုရွေးခွင့် မရှိတော့ရင်လည်း ဒီဘဝ ဒီမျှနဲ့ ပြီးစေကွယ် ကိုယ့်ရဲ့အရှုံးနဲ့ပဲ နှုတ်ဆက်ခဲ့တယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ် နေရစ်တော့ကွယ် သွားတော့မယ် အချစ်ရယ် နေရစ်တော့ကွယ် သွားတော့မယ် နေရစ်တော့ကွယ် သွားတော့မယ်