Radio Kamaryut

Radio Kamaryut

Sai Htee Saing

Альбом: Unplugged Live
Длительность: 3:29
Год: 2021
Скачать MP3

Текст песни

ဟိုဘက်အိမ်က ညတိုင်း ညတိုင်း
စာအကျယ်ကြီးကျက်တတ်တဲ့
ဆယ်တန်းကျောင်းသူကို
ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့
ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ်

အိုး ရေဒီယိုကမာရွတ်ရဲ့
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်
အိုး ရေဒီယိုကမာရွတ်ရဲ့
ကြိုးစားလိုက်စမ်းကွယ်
D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်

စာအုပ်ကိုင်ကာ ကျက်ရင်းလျှောက်ရင်း
တစ်ခါတစ်ခါ ပြတင်းဝက
ဖြတ်အလာချောင်းကြည့်သူရေ
ကိုယ်တို့ရှိလို့ အနှောင့်အယှက်ဖြစ်ရင်
အလည်လာတဲ့ တစ်ရပ်သားမို့ ခွင့်လွှတ်ကွယ်

အိုး ရေဒီယိုကမာရွတ်ရဲ့
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်သူတွေရှိတယ်
အိုး ရေဒီယိုကမာရွတ်ရဲ့
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်သူတွေရှိတယ်

ဒီနေ့မှာတော့ ဒို့များရင်ထဲဟာနေရတဲ့အကြောင်းရင်း
စိစစ်လိုက်ရှာတော့
ဆယ်တန်းစာမေးပွဲပြီးလို့
ရေဒီယိုကမာရွတ်ပိတ်ထားခြင်းပဲ

အိုး ရေဒီယိုကမာရွတ်ရဲ့
တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး တောင့်တမိသူတွေရှိတယ်
အိုး ရေဒီယိုကမာရွတ်ရဲ့
တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး တောင့်တမိသူတွေရှိတယ်

ဒီနေ့မှာတော့ ဒို့များရင်ထဲဟာနေရတဲ့အကြောင်းရင်း
စိစစ်လိုက်ရှာတော့
ဆယ်တန်းစာမေးပွဲပြီးလို့
ရေဒီယိုကမာရွတ်ပိတ်ထားခြင်းပဲ

အိုး ရေဒီယိုကမာရွတ်ရဲ့
တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး တောင့်တမိသူတွေရှိတယ်
အိုး ရေဒီယိုကမာရွတ်ရဲ့
တိတ်ဆိတ်လွန်းလို့ကွယ်
စာအံတဲ့အသံလေး တောင့်တမိသူတွေရှိတယ်
အိုး ရေဒီယိုကမာရွတ်ရဲ့
စိတ်မဆိုးလိုက်နဲ့ကွယ်
စာတွေမကျက်နိုင်ရင် ဝမ်းနည်းရမယ့်သူတွေရှိတယ်