A Chit Myat Woon
L Lun Wah
4:47ပုံပြင်တွေလိုကျန်ခဲ့တော့မှာ နေ၀င်ချိန်မှာ ပျံသွားတဲ့အချစ်ငှက်ငယ်လေးများ ပင်လယ်ပြင်မှာနစ်သွားတဲ့ သင်္ဘောပျက်လေးဘ၀ နင်သွားပါ ရင်ခုန်သံတွေ ခြောက်ခမ်းလို့လာ နေညိုညိုမှာကြွေသွားတဲ့မင်းမျက်နှာလေးက နွေကန္တာကိုပက်ဖြန်းမယ့် မိုးစက်မှုံများလား အချိန်တွေလွန်ပြီ ပြင်ဆင်နိုင်ဦးမလားငါ နောင်တနဲ့ လမ်းလျှောက်ရင်းဖိနပ်ပျက်လည်း ငါမင်းအကြောင်းတွေး ကားမှတ်တိုင်ရောက်ရင်လည်း ငါမင်းအကြောင်းတွေး ညအိပ်ချိန်မီးပိတ်လည်း ငါမင်းအကြောင်းတွေး ဒီလိုနဲ့နောက်တစ်နေ့ပြန်ရောက်တော့လည်း ငါမင်းအကြောင်းတွေး ဟေ့ ကျိန်စာလိုနှောင်ကြိုးမှားလား သေရာပါအောင်ချုပ်ထားမယ့် အချစ်ရဲ့သံကြိုးများ ကြယ်တံခွန်တွေလိုဘ၀မျိုးနဲ့ ငါ့ရဲ့ဘ၀ထဲက လေဟာနယ်မှာနင်ဘယ်ဆီမျောလွင့်သွား နောင်တနဲ့ ထမင်းစားရေသောက်ရင်လည်း ငါမင်းအကြောင်းတွေး ရုံးဆင်းချိန်ရောက်တော့လည်း ငါမင်းအကြောင်းတွေး Toilet ဝင်တိုင်းမှာလည်း ငါမင်းအကြောင်းတွေး ဒီလိုနဲ့ ရဲဖမ်းလို့ပြေးတော့လည်း ငါမင်းအကြောင်းတွေး... အိုး ရင်ခုန်သံတွေ ခြောက်ခမ်းလို့လာ နေညိုညိုမှာကြွေသွားတဲ့မင်းမျက်နှာလေးက နွေကန္တာကိုပက်ဖြန်းမယ့် မိုးစက်မှုံများလား အချိန်တွေလွန်ပြီ ပြင်ဆင်နိုင်ဦးမလားငါ နောင်တနဲ့ လမ်းလျှောက်ရင်းဖိနပ်ပျက်လည်း ငါမင်းအကြောင်းတွေး မုန့်ဟင်းခါးထိုင်စားတော့လဲ ငါမင်းအကြောင်းတွေး ညအိပ်ချိန်မီးပိတ်လည်း ငါမင်းအကြောင်းတွေး ဒီလိုနဲ့နောက်တစ်နေ့ပြန်ရောက်တော့လည်း ငါမင်းအကြောင်းတွေး ဟေ့ ကားမှတ်တိုင်ရောက်ရင်လည်း ငါမင်းအကြောင်းတွေး ရုံးဆင်းချိန်ရောက်တော့လည်း ငါမင်းအကြောင်းတွေး Toilet ၀င်တိုင်းမှာလည်း ငါမင်းအကြောင်းတွေး ဒီလိုနဲ့ ရဲဖမ်းလို့ပြေးတော့လည်း ငါမင်းအကြောင်းတွေး... အိုး