Kyal Tway Sone Tae Nya
Htoo Eain Thin
လူကြုံရင် တမှာထဲမှာ လူလာတိုင်း တမေးမေးနဲ့ အဝေးရောက်နေတဲ့ သားတစ်ယောက်အတွက် ရတက်ငယ် မအေးတဲ့ မွေးမေမေရယ် လွမ်းအားနဲ့ ပူပင်ကာ တဖွဖွပြောရင်း ကျွဲပါးစောင်းတီး စကားလိုပဲ အသိခက်တဲ့သား ဇွတ်တရွတ်နိုင်အား မိဘစကား ပယ်ရှားလို့ ဒုက္ခရောက်တာ ကိုယ်တွေ့ပဲမို့ သားမိုက် သိနားလည်ခဲ့ပြီ သီတာရေကြည် တပေါက်ကျ မိဘတိုင်း စိတ်အေးချမ်းမြ ထွေးပိုက်ချင်မယ့် သားအလှရဲ့ နဖူးပြင်လေး မွှေးကြူကာရယ် ခေါင်းစိုက်မှေးမှီရင်း ကဗျာချို တအေးအေး ညည်းကာ ကျောသပ်လို့ ချော့သိပ်ပုံများ အဝေးရောက်တဲ့သား မေ့ရက်နိုင်အား သောကစိတ် ခြေမွလို့ ဝမ်းနည်းဆွေးပူနေတောင်မှပဲ တောင်းဆုမပျက်တဲ့ အမေ့မေတ္တာ ဘယ်ဆီဘယ်ဝယ် ရောက်ရောက် အချိန်တန်လို့ အပြန်လမ်းခရီးက အမေ့ရဲ့ရင်ခွင် တစ်ပါးမှလွဲရင် တခြား နားခိုစရာမမြင် တောင်းဆိုးပလုံးဆိုးသာ စွန့်ပစ်ရိုးထုံးစံ သားဆိုးသမီးဆိုး မစွန့်နိုင်ခဲ့ ကျေးဇူးမြင့်မား မြင့်မိုရ်တောင်မက အမေ့ရဲ့မျက်ရည် စို့စို့ ခန်းခြောက်ဖို့မျှော်ရည်ကာ အဝေးမှ အမေ့အေးရိပ် သားပြန်ခဲ့ပြီ သီတာရေကြည် တပေါက်ကျ မိဘတိုင်း စိတ်အေးချမ်းမြ ထွေးပိုက်ချင်မယ့် သားအလှရဲ့ နဖူးပြင်လေး မွှေးကြူကာရယ် ခေါင်းစိုက်မှေးမှီရင်း ကဗျာချို တအေးအေး ညည်းကာ ကျောသပ်လို့ ချော့သိပ်ပုံများ အဝေးရောက်တဲ့သား မေ့ရက်နိုင်အား အမေ့ရဲ့မျက်ရည် စို့စို့ ခန်းခြောက်ဖို့ မျှော်ရည်ကာအဝေးက အမေ့အေးရိပ် သားပြန်ခဲ့ပြီ အမေ့အေးရိပ် သားပြန်ခဲ့ပြီ မလွမ်းနဲ့တော့ သားပြန်ခဲ့ပြီ