Swe Tal
Htoo Eain Thin
လောကရဲ့လမ်းများပေါ် လျှောက်သွားရင်းနဲ့ မောပန်းနွမ်းနယ် နှလုံးသားက လွမ်းဆွတ်လို့တမ်းတမိခဲ့ အမေ့ရဲ့အိမ်ကို အေးမြတဲ့ အမေ့ရဲ့မေတ္တာရိပ်နဲ့ ဝေးခဲ့သူမို့ တစ်ခါတစ်လေ ပြန်လည်တွေး ရင်မှာပိုကြေကွဲ ခြောက်သွေ့တဲ့ အိပ်မက်ရှည်တွေကြားထဲမှာ အရိပ်တစ်ခုလွင့်ပြယ် ရက်စက်တဲ့နေ့ရက်များ တိုက်ခိုက်ကြလို့ အားနည်းနေပြီဆို တင်းထားတဲ့စိတ်ဓါတ်များ ပြိုကွဲသွားမလား စိုးရိမ်လို့ ရင်မှာ ဒါဏ်ရာများနဲ့ နာကျင်နေပြီပဲ အိမ်ပြန်ချင်တယ် (ဟူး) အငြိမ်းချမ်းဆုံး အမေ့အိမ် အိမ်ပြန်ချင်တယ် (ဟူး) အနွေးထွေးဆုံး အမေ့အိမ် အိပ်မရတဲ့ ညများစွာထဲ (အိုး) ရထားဥဩသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး မွန်းကျပ်တဲ့ မြို့ပြလူနေမှုစနစ်မှာ စီးမြောရင်းလေ မပြီးသေးတဲ့ခရီးတစ်ခု အဆုံးထိရောက်ဖို့ ကြိုးစားနေသူမှာ ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့ မြင်ယောင်ကာအိပ်မက်ရင် အလိုလိုငိုချင်တယ် အိမ်ပြန်ချင်တယ် (ဟူး) အငြိမ်းချမ်းဆုံး အမေ့အိမ် အိမ်ပြန်ချင်တယ် (ဟူး) အနွေးထွေးဆုံး အမေ့အိမ် အိပ်မရတဲ့ ညများစွာထဲ (အိုး) ရထားဥဩသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး အားလုံးထက် နွေးထွေးလုံခြုံတဲ့နေရာဟာ အမေ့ရင်ခွင်ပဲလို့ သိလိုက်ရတဲ့အချိန်ကျတော့ ကျွန်တော်က ဟိုး အဝေးကြီးမှာ ရောက်ရှိနေခဲ့ပြီလေ ရိုးသားတဲ့ ကျေးလက်က အမေ့အိမ်လေးအကြောင်း တွေးမိနေလို့ မြင်ယောင်ကာအိပ်မက်ရင် အလိုလိုငိုချင်တယ် အိမ်ပြန်ချင်တယ် (ဟူး) အငြိမ်းချမ်းဆုံး အမေ့အိမ် အိမ်ပြန်ချင်တယ် (ဟူး) အနွေးထွေးဆုံး အမေ့အိမ် အိပ်မရတဲ့ ညများစွာထဲ (အိုး) ရထားဥဩသံလေးများကြားရင် အိမ်ပြန်ချင်တဲ့စိတ်ကလေး တားမရဘူး