Swe Tal
Htoo Eain Thin
မေမေ ရွှေရောင်နှလုံးသား ချစ်ခြင်းမေတ္တာ စုစည်းကာ စီးဆင်းမြဲ အဆိုးအကောင်းလား သားတို့အပေါ် မရွေးဘူး မလိုချင်နေ မယူချင်နေ မိုးများလို ရွာသွန်းမြဲ အိုအားလုံးအချစ်ထက် ကြည်အေးတဲ့အချစ် အဝေးကိုစီးခဲ့လေတယ် မေမေချစ်တဲ့သားကြီး အဝေးဆီရောက်နေပြီ အချစ်များနဲ့ ရည်စူးတဲ့စိတ် အမြဲတမ်း ဦးညွှတ်ပြီး အိုမေမေ စိတ်ချမ်းသာကြောင်း ရင်မှာတောင်းဆုချွေသောအချစ် မေမေချစ်တဲ့သားကြီး သီချင်းတွေ ဖွဲ့လေပြီ အိုမွေးမေမေ ဒီသီချင်းလေး အချစ်ဆုံးပန်းကို ပန်ခဲ့ပြီး ပြုမိသော သားတို့အဆိုး ခွင့်လွှတ်ပါ မေမေ မပြေနိုင်သော ဆပ်မကုန်နိုင်သော မေမေ့ကျေးဇူး ပြန်တွေးပြီး ခရီးကြမ်းထက် လှမ်းလျှောက်ရင်း ကျွန်တော် ဆပ်ခဲ့ပါမယ် မေမေချစ်တဲ့သားကြီး အဝေးဆီရောက်နေပြီ အချစ်များနဲ့ ရည်စူးတဲ့စိတ် အမြဲတမ်း ဦးညွှတ်ပြီး အိုမေမေ စိတ်ချမ်းသာကြောင်း ရင်မှာတောင်းဆုချွေသောအချစ် မေမေချစ်တဲ့သားကြီး သီချင်းဖွဲ့လေပြီ အိုးဟို ချစ်တဲ့ အမေ့ရဲ့သားကြီး သီချင်းဖွဲ့လေပြီ