Swe Tal
Htoo Eain Thin
မွေးမြေရပ်ကို အမြန်ရထား ဆိုက်ရောက်ချိန် ရထားပေါ်ကအဆင်း နှင်းကြားမှာ ကြိုသူမရှိ တစ်ဦးတည်းရပ်နေရင်း ငေးမောရင်းနဲ့ အားငယ်လာ စွန့်ခွာခဲ့တာ ကြာပြီမို့ ငါ့အတွက်တော့ အသစ်လိုပါပဲ သူစိမ်းတစ်ယောက်လို ဘယ်သူများ ရုတ်တရက်လှမ်းခေါ်မလဲ လမ်းဟောင်းလေးအတိုင်း လျှောက်ပြန်လာ အသည်းကွဲခဲ့တဲ့ အမေရဲ့သား ပြန်လာပြီ သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ လွင့်တဲ့သား လူမိုက်လေ မြို့ပြရဲ့ အရိပ်အောက်မှာ ဘဝသစ် ထူထောင်ရင်း အသည်းကွဲခဲ့တဲ့ အမေ့ရဲ့သား ပြန်လာပြီ အမေ့ရင်ထဲမှာ ရာသီအလိုက် ပန်းလေးတွေ ပွင့်နေမှာပဲ တွေးမိတယ် ဘယ်နေ့များ သားမိုက် ရောက်လာမလဲ ပန်းခင်းလေးထဲ ငေးနေမလား အမေ့ခြံထဲမှာ နေထိုင်ရင်း ဘဝသစ်မှာ အမေ့ကိုကူရင်း နှလုံးသားကို ပြန်လည်လို့ ထိန်းကျောင်းပြုပြင်ရင်း ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ အသည်းကွဲခဲ့တဲ့ အမေရဲ့သား ပြန်လာပြီ သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ လွင့်တဲ့သား လူမိုက်လေ မြို့ပြရဲ့ အရိပ်အောက်မှာ ဘဝသစ် ထူထောင်ရင်း အသည်းကွဲခဲ့တဲ့ အမေ့ရဲ့သား ပြန်လာပြီ အသည်းကွဲခဲ့တဲ့ အမေရဲ့သား ပြန်လာပြီ သုံးနှစ်လောက် အမေ့ဆီမပြန်ဘဲ လွင့်တဲ့သား လူမိုက်လေ မြို့ပြရဲ့ အရိပ်အောက်မှာ ဘဝသစ် ထူထောင်ရင်း အသည်းကွဲခဲ့တဲ့ အမေ့ရဲ့သား ပြန်လာပြီ မွေးမြေရပ်ကို အမြန်ရထား ဆိုက်ရောက်ချိန် ရထားပေါ်ကအဆင်း နှင်းကြားမှာ ကြိုသူမရှိ တစ်ဦးတည်းရပ်နေရင်း ငေးမောရင်းနဲ့ အားငယ်လာ အမေ့ခြံထဲမှာ နေထိုင်ရင်း ဘဝသစ်မှာ အမေ့ကိုကူရင်း နှလုံးသားကို ပြန်လည်လို့ ထိန်းကျောင်းပြုပြင်ရင်း ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ ကျွန်တော့်ကို ကြွေးဟောင်းဆပ်ခွင့်ပြုပါ အမေ